တစ်လအတွင်း အမှန်တကယ် ကျွမ်းကျင်တဲ့ web developer တစ်ယောက် ဖြစ်လာဖို့!

မြန်မာနိုင်ငံအတွင်းရှိ အခြားကျောင်းများနှင့်မတူဘဲ တစ်လအတွင်း မိမိကိုယ်တိုင် website တစ်ခု ဖန်တီးနိုင်ဖို့ရာ စစ်မှန်တဲ့ ပညာရေးအတွက် ကျွန်ုပ်တို့ ကူညီပေးပါရစေ။ Coding နှင့် programming ပိုင်းတွင် နားလည်ရန် မလိုပါ။

သင်တန်းသားဦးရေ ( ၅ ) ဦး သာ လက်ခံမည်ဖြစ်၍ လူဦးရေမပြည့်ခင် မြန်မြန်စာရင်းသွင်းမှ စိတ်ချရမယ်နော်။

အသေးစိတ်ကြည့်ရန်စာရင်းသွင်းရန်

တက်ရောက်သင့်သော သူများ

  • ကိုယ်ပိုင် website ဖန်းတီးချင်သော စီးပွားရေးသမား လူငယ်များ
  • IT (သို့မဟုတ်) Web  နှင့် သက်ဆိုင်သောဘွဲ့ရပြီးသူများ၊ KMD နှင့်  Myanmar IT Consulting ကဲ့သို့သော IT ကျောင်းများမှ သင်တန်းဆင်းပြီးသူများလဲ တက်ရောက်နိုင်ပါသည်။
ရရှိနိုင်သော အကျိုးကျေးဇူးများ
  • Website တစ်ခုကို ကိုယ်ကိုယ်တိုင် ဖန်တီးလိုက်ပါ။ မိမိကိုယ်တိုင် website တစ်ခုလုံးကို တစ်လအတွင်း ဖန်တီးနိုင်လာပါလိမ့်မည်။ ကျွန်တော်တို့မှာ သာဓကများစွာ ရှိခဲ့ပါပြီ။
  • Coding နှင့် programming အရည်အချင်းတို့ မလိုအပ်ပါ။ WordPress ကိုအသုံးပြုပြီး အရည်အသွေးမြင့်သော Website တစ်ခုကို ဖန်တီးနိုင်ပါလိမ့်မည်။
  • အိမ်စာလုပ်ရန် မလိုပါ၊ အကယ်၍ သင်တောင်းဆိုလျှင် ပေးမည်။
  • ကျွန်ုပ်တို့ ကတိပေးသည့်အတိုင်း ကျွန်ုပ်တို့ဘက်မှ ပျက်ကွက်ပါက ပိုက်ဆံပြန်အမ်းမည်၊ သင့်ဘက်ကတော့ ကျွန်ုပ်တို့ သတ်မှတ်ချက်အတိုင်း လိုက်နာဖို့ လိုအပ်ပါသည်။
  • အချိန်ပြည့်ဆရာများရှိခြင်း။ ဆရာ ၂ ယောက်၊ လက်ထောက်ဆရာ ၂ ယောက် နှင့် ကြီးကြပ်သူတို့က သင့်အတွက်ရှိနေပါမည်။
  • အလုပ်အကိုင်အခွင့်အလမ်းရရှိနိုင်ခြင်း။ သင်တန်းပြီးမြောက်ပြီးပါက သင့်၏ ဆရာများနှင့် CUE Co., Ltd. တွင် အလုပ်လုပ်နိုင်မည့် အခွင့်အရေး။
  • နေ့လည်စာအတွက် ထမင်းဖြူ နှင့် အသင့်ဖျော်သောက်သုံးနိုင်ရန်အတွက်လဲ ကော်ဖီထုပ်များ၊ လက်ဖက်ရည်ထုပ်များကို စီစဥ်ပေးထားပါသေးတယ်။
  • cPanel နှင့် သင့်ရဲ့ ကိုယ်ပိုင် web server ရှိသွားသည့်အတွက် သင့်၏မိတ်ဆွေ၊သူငယ်ချင်းများကို ပြသနိုင်သလို အလုပ်အသစ်လျှောက်ရာတွင်လည်း portfolio အဖြစ် ၁နှစ်အတွင်းပြသနိုင်မှာ ဖြစ်ပါတယ်။
  • Google map နှင့် contact forms တို့ကို သင်ယူလေ့လာနိုင်ခြင်း။ အခမဲ့ Third party web services အသုံးပြုနည်းများကို သင်ယူလေ့လာနိုင်ခြင်း။
  • သင်တန်းဆင်းပွဲကျင်းပရာတွင်လဲ နေ့လည်စာ သို့  ညစာ စားပွဲများဖြင့် ဂုဏ်ပြုပွဲများပြုလုပ်ပေးခြင်း။
နေ့ရက်
  • နို၀င်ဘာလ ၂၇ ရက် မှ ဒီဇင်ဘာလ ၂၆ ရက် ၂၀၁၈ အထိ
  • တနင်္လာနေ့ မှ သောကြာနေ့ အထိ ( အစိုးရရုံးပိတ်ရက်များတွင် ပိတ်ပါသည်။ )
  • သင်တန်းချိန်ကို တောင်းဆို ညှိနှိုင်းနိုင်ပါသည်။
အချိန်
  • ၉:၃၀-၅:၀၀ (နေ့လည်စာစားချိန် ၁၂:၀၀-၁၃:၀၀)
နေရာ
  • သင်္ဃန်းကျွန်းမြို့နယ်၊  သုဝဏ္ဏ ဘောလုံးကွင်း အနီး၊ သုဝဏ္ဏ လမ်းဆုံမှတ်တိုင် မှ လျှောက်လျှင် ၁၀ မိနစ်ခန့်သာကြာမည်။
သင်တန်းကြေး
  • ၂သိန်း၅သောင်း / ၁ လ

သင်ရိုးညွှန်းတမ်း

အခြေခံသင်ရိုး

  • Todo List
  • Evernote
  • Google keep / asana

Web

  • Web ဆိုတာ ဘာလဲ။
  • Website (HTML) ဆိုတာ ဘာလဲ။
  • WordPress ဆိုတာ ဘာလဲ။
  • Themes နဲ့ Plugins တွေအကြောင်း။
  • WordPress ကို ဘယ်လိုအသုံးပြုမလဲ။
  • Visual Composer ကို ဘယ်လိုအသုံးပြုမလဲ။
  • Themes and Plugins ကို ဘယ်လို ရွေးချယ်မလဲ။၊
  • ရှိပြီးသား website နမူနာများကို လိုက်လုပ်ခြင်းအားဖြင့် သင့်ရဲ့ ကိုယ်ပိုင် website ကို ဖန်တီးလိုက်ပါ။
  • Google map ဘယ်လို ထည့်ရမလဲ။
  • Contact form တစ်ခု ဘယ်လိုပြုလုပ် ထည့်သွင်းမလဲ။
လိုက်နာရမည့် စည်းကမ်းသတ်မှတ်ချက်များ
  • အနည်းဆုံး အသက် ၁၈နှစ် မှ အသက် ၃၀ အတွင်း ဖြစ်ရမည်။
  • ကိုယ်ရေးအချက်အလက်များဖြစ်သော CV၊ မှတ်ပုံတင်မိတ္တူ တို့ပေးရမည်။
  • ကိုယ်ပိုင် website တစ်ခုကို တစ်လအတွင်း ဖန်တီးနိုင်ဖို့ နှင့် ( သို့မဟုတ် ) သင့် ပိုက်ဆံ ပြန်ရရှိနိင်ဖို့ အကောင်းဆုံးကြိုးစားအားထုတ်မှုဖြင့် အတန်းချိန်ကို အပြည့်အဝ တက်ရောက်ဖို့ လိုအပ်ပါသည်။

အခြားဗဟုသုတများလည်း ရရှိနိုင်ခြင်း။ ( သင် မြန်မြန်ဆန်ဆန်လေ့လာသင်ယူနိူင်လျှင် )

  • ကိုယ်ပိုင် portfolio website ဖန်တီးခြင်း။
  • Web server အလုပ်လုပ်ပုံကို အခြေခံလေ့လာခြင်း။
  • မစတင်ခင် wireframe ပြုလုပ်နည်းလေ့လာခြင်း။
  • Client နှင့် ပြောဆိုဆက်ဆံနည်း သင်ယူခြင်း။
ရှိသင့်သော အရည်အချင်းများ ( အထူးတလည် မလိုအပ်ပါ။ )
  • HTML အခြေခံ
  • CSS အခြေခံ
  • အခြေခံ အင်္ဂလိပ်စာ
လိုအပ်လျှင် HTML နှင့် CSS အခြေခံ သင်ခန်းစာများသင်ကြားပေးမည်။

ဆရာများ

လွင်ကိုကို
Web developer of CUE
ယမင်းကိုကို
Web developer of CUE
Work – www.mong.ooo
အောင်မျိုးခန့်
Web developer of CUE
လွင်မိုးနိုင်
Web developer of CUE

မှတ်ချက်

လူဦးရေကန့်သတ်ထားသောကြောင့် CV ပေါ်မူတည်၍ ကျောင်းသားခေါ်ယူမည်ဖြစ်ပါသည်။ ထိုကြောင့် ရွေးချယ်တဲ့အခါ အခွင့်အရေးကောင်းတစ်ခုဖြစ်ဖို့ သင့်ရဲ့ CV အပြည့်အစုံကို ရေး၍တင်ပေးပါနော်။

ကျွန်ုပ်တို့၏ support team

ကျွန်ုပ်တို့ပတ်ဝန်းကျင် နှင့် သင့်ကို လိုက်လျောညီထွေ ဖြစ်စေဖို့ ကျွန်ုပ်တို့ admin အဖွဲ့မှ ကူညီပေးပါလိမ့်မည်။

ကြီးကြပ်သူ

Taro Kosaka

ကုမ္ဗဏီပေါင်း ၃၀၀ ကျော်အတွက် web developer, graphic designer, art director, creative director, writer အနေဖြင့် Tokyo မှာလည်းကောင်း၊ America မှာလည်း ၁၉၉၄ ခုနှစ်ကတည်းက ကိုယ်ပိုင် website တစ်ခုကို စတင် ရေးဆွဲခဲ့သူလည်း ဖြစ်ပါတယ်။ အထက်တန်းကျောင်း နှင့် တက္ကသိုလ်များတွင် စာသင်ကြားပေးခဲ့တဲ့ အတွေ့အကြုံနှင့်အတူ မြန်မာနိုင်ငံရဲ့ web developer သင်ကြားရေးစနစ် ပိုမို ကောင်းမွန်အောင် ကူညီပေးဖို့ ယခုသင်တန်းကို ဖွင့်လှစ်ရခြင်းဖြစ်ပါတယ်။

သင့်၏ CV အတွက် လျှောက်လွှာပုံစံ

Name Required

Email Required

Phone Required

Day
Month
Year

Nationality Required

Gender Required


MaleFemaleOther

Education Required

HTML
CSS
PHP
Java
JavaScript
MySQL
Ruby
WordPress
Others

CV Required